Human Rights ( လူအခွင့်အရေး )
Principle 1: Businesses should support and respect the protection of internationally proclaimed human rights; and
အခြေခံမူ - ၁။ စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတကာ လက်ခံသဘောတူထားသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကို လေးစားလိုက်နာပြီး အထောက်အပံ့ပြုရမည်။
Principle 2: make sure that they are not complicit in human rights abuses.
အခြေခံမူ -၂ ။ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် မိမိတို့ ပါဝင်ပတ်သက်မှုမရှိစေရ။
Labour (အလုပ်သမားရေးရာ)
Principle 3: Businesses should uphold the freedom of association and the effective recognition of the right to collective bargaining;
အခြေခံမူ - ၃ ။ စီးပွားရေးလုပ်ငန်းများသည် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းကို အားပေးပြီး မိမိအခွင့်အရေးကို အစုအဖွဲ့လိုက် တောင်းဆိုပိုင်ခွင့်၊ နှစ်ဖက်ညှိနှိုင်း သဘောတူညီမှုဖြင့် ရယူပိုင်ခွင့်ကိုလည်း ထိထိရောက်ရောက်အသိအမှတ် ပြုမှုရှိရမည်။
Principle 4: the elimination of all forms of forced and compulsory labour;
အခြေခံမူ - ၄ ။ အဓမ္မနှင့် မလုပ်မနေရ ခိုင်းစေသော လုပ်သားပုံစံအားလုံး ပပျောက်ရေး။
Principle 5: the effective abolition of child labour; and
အခြေခံမူ - ၅ ။ ကလေးလုပ်သား ပပျောက်ရေး ထိရောက်စွာ ဆောင်ရွက်ခြင်း။
Principle 6: The elimination of discrimination in respect of employment and occupation.
အခြေခံမူ - ၆ ။ အလုပ်ခန့်ထားမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာခွဲခြားဆက်ဆံမှုများမှ ပပျောက်ရေး။
Environment (သဘာဝ ပတ်ဝန်းကျင်)
Principle 7: Businesses should support a precautionary approach to environmental challenges;
အခြေခံမူ - ၇ ။ စီးပွားရေးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများသို့ သတိထားချဉ်းကပ်မှုတစ်ခုကို အထောက်အပံ့ပြုရမည်။
Principle 8: undertake initiatives to promote greater environmental responsibility; and
အခြေခံမူ - ၈ ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားပိုမိုယူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
Principle 9: encourage the development and diffusion of environmentally friendly technologies
အခြေခံမူ - ၉ ။ သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်သည့် နည်းပညာများ ဖွံ့ဖြိုးရေးနှင့်ပြန့်ပွားရေးကို အားပေးခြင်း။
Anti-Corruption (အဂတိ လိုက်စားမှု တိုက်ဖျက်ရေး)
Principle 10: Businesses should work against corruption in all its forms, including extortion and bribery.
အခြေခံမူ - ၁၀ ။ စီးပွားရေးလုပ်ငန်းအားလုံးသည် ခြိမ်းခြောက်ဖိအားပေးခြင်းနှင့် လာဘ်ပေးခြင်း အပါအ၀င်အဂတိ လိုက်စားမှုပုံစံအားလုံး တိုက်ဖျက်ရေးကို လုပ်ဆောင်ရမည်။